မလှိုင် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲများကို (၂၂-၂-၂၀၂၄) ရက်နေ့၊ နံနက် ၉ နာရီကစ၍ သက်ဆိုင်ရာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
မလှိုင်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း (၁၈၆) ကျောင်းမှ (Grade-5) စာရင်းရှိကျောင်းသား (၁၃၇၄) ဦး၊ ကျောင်းသူ (၁၃၅၇)ဦး စုစုပေါင်း (၂၇၃၁) ဦးရှိ၍ ယနေ့ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား(၁၃၅၁)ဦး၊ ကျောင်းသူ (၁၃၄၀)ဦး၊ စုစုပေါင်း (၂၆၉၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသား(၂၃)ဦး၊ ကျောင်းသူ(၁၇)ဦး၊ စုစုပေါင်း(၄၀)ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၈.၅၄) ရှိကြောင်းသိရသည်။
အလားတူ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာရင်းရှိ ကျောင်းသား(၆၉၆)ဦး၊ ကျောင်းသူ(၈၆၁)ဦး၊စုစုပေါင်း(၁၅၅၇)ဦးရှိ၍ ယနေ့ဝင်ရောက် ဖြေဆိုခဲ့သည့် ကျောင်းသား (၆၆၉)ဦး၊ ကျောင်းသူ(၈၄၄)ဦး၊ စုစုပေါင်း(၁၅၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာပျက်ကွက် ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ(၁၇)ဦး၊ စုစုပေါင်း(၄၄)ဦးပျက်ကွက်ခဲ့၍ ဖြေဆိုမှုရာခိုင်နှုန်း(၉၇.၁၇)ရှိကြောင်းသိရသည်။
ကျောင်းသား/သူများနှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးတို့က အ-ထ-က (မလှိုင်)၊ အ-ထ-က (မြို့သစ်)၊ အ-ထ-က (ပန်းအိုင်) ကျောင်းများ၏ စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)