မဟာအောင်မြေ ဩဂုတ် ၃၀
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ကမ်းနားလမ်းနှင့်သင်္ဂဇာချောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများ လုပ်ငန်းကဏ္ဍအသီးသီးအလိုက် နေ့စဥ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ယမန်နေ့က ကမ်းနားလမ်းသန့်ရှင်းသာယာလှပရေးအတွက် ချမ်းအေးသာစံမြို့နယ်သန့်ရှင်းရေးဌာနတာဝန်ရှီသူများသည် ကမ်းနားလမ်း ၂၆ လမ်းနှင့် လမ်း ၃၀ကြား အမှိုက်လှည်းဆောင်ရွက်ခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းကို လုပ်သားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မဟာအောင်မြေမြို့နယ် သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် သဂ်ဇာချောင်းသန့်ရှင်းသာယာ လှပရေးအတွက် ကန်တော်ကြီးပတ်လမ်းနှင့် ၄၁ လမ်းကြားတွင် အမှိုက်လှည်းခြင်း၊ အမှိုက်ကောက်ဆောင်ရွက်ခြင်းနှင့် သိမ်းဆည်းခြင်းလုပ်ငန်းများကို သန့်ရှင်းရေးလုပ်သားများကစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
သဂ်ဇာချောင်းသန့်ရှင်းသာယာလှပရေးအတွက် ချမ်းအေးသာစံမြို့နယ်သန့်ရှင်ရေးဌာန တာဝန်ရှိသူများသည် အောင်မင်္ဂလာတံတားတောင်ဘက်နှင့် ၃၄ လမ်းကြား ချောင်းအတွင်းမှ ဗေဒါနှင့် အမှိုက်များကို လုပ်သားအင်အားဖြင့် ဆယ်ယူရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
အောင်ဇော်မင်း