ငဖဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ငဖဲ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများ သွေိးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေးအသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ နာရီအချိန်က ငဖဲမြို့အခြေခံအထက်တန်းကျောင်းနှင့် မြို့ဝင်ဂိတ်လူစည်ကားသည့်နေရာများတွင် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌဦးကျော်စိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စောဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ခြင်ကျားနှိမ်နင်းခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေတွင်း ရေလှောင်ကန်များ အဘိတ်(Abate)ဆေးခတ်ခြင်း၊ ဘယ်အချိန်အိပ်အိပ် ဘယ်နေရာအိပ်အိပ် ခြင်ထောင် ထောင်အိပ်စသည့် အသိပညာပေးလက်ကမ်းစာစောင် စောင်ရေ ၄၀၀ ကို ကျောင်းသားကျောင်းသူများနှင့်လမ်းသွာလမ်းလာပြည်သူများ သိရှိနိုင်ရေး အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)