ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

ဘုတ်ပြင်း    ဩဂုတ်   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့ညနေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ လာရောက်ရောင်းချပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင်  ဆန်(၁)ပြည် (၂၅၀၀)ကျပ်၊ ဆီ(၁)ပိဿာ (၇၀၀၀)ကျပ်၊ ဘီစကစ်မုန့် (၁)ထုပ်(၁၅၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာ(၃၀၀၀)ကျပ်၊ ကြက်သား(၁)ပိဿာ (၉၀၀၀)ကျပ်၊ ဆိတ်သား(၁)ပိဿာ(၁၅၀၀၀)ကျပ်၊ ကြက်ဥ(၁)လုံး (၂၇၀)ကျပ်၊ ကန်စွန်းရွက်(၁)စည်း(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း (၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက် ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက လာရောက်ဝယ်ယူခဲ့ကြသည်။

ထိုသို့ရောင်းချနေမှုအား ဘုတ်ပြင်းမြို့ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မျိုးဆက်အောင်၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)