ငါန်းဇွန် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် မျိုးကောင်းမျိုးသန့် ပြန့်ပွားလာစေရန်အတွက် နွေစပါးမျိုးစေ့ထုတ် (RS-CS) စံပြကွက် တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် လိုက်နာရမည့် အချက်များ၊ မျိုးစေ့ထုတ်လုပ်ခြင်းကြောင့် ဒေသ၏ မျိုးသန့်လိုအပ်ချက်ကို ဖြည့်တင်းဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းမြင့်မားလာပြီး တောင်သူများ ဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်းနှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ဆွေးနွေးပြီး နွေစပါးမျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ခြင်းနှင့် စိုက်ပျိးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ နွေစပါး မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများ တက်ရောက်ကြသည်။
သက်နောင်ဦး(ငါန်းဇွန်)