မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့် ညောင်ဦးခရိုင် အိမ်ခြံမြေဝန်ဆောင်မှု အသင်းသား/သူများနှင့် တွေ့ဆုံပွဲကျင်းပ

ညောင်ဦး  ဖေဖော်ဝါရီ  ၂၇

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့်ညောင်ဦးခရိုင် အိမ်ခြံမြေဝန်ဆောင်မှု အသင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်မှအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးလူဟန်က ဆွေးနွေးပြီး မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်အေးက လက်ရှိအသင်းအခြေအနေတို့အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အိမ်ခြေမြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးကြည်လွင်၊ ညောင်ဦးခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌနှင့် ညောင်ဦးခရိုင်အတွင်းရှိ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသား/သူတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊  မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အိမ်ခြံဝန်ဆောင်မှု အသင်းသူ/သားများ၊ ညောင်ဦးခရိုင်အတွင်းရှိ အိမ်ခြံဝန်ဆောင်မှုအသင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။       ဒီပါလင်း