အမာမြို့၊ စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများ အေးချမ်းစွာဖြေဆို

အမာ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင် Grade-5 နှင့် Grade-9 လူမှု‌ရေး ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ Grade-5 တွင် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၇၂)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် လည်းကောင်း၊ Grade-9 တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၆)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်း ဖြေဆိုလျက်ရှိကြောင်း အ-ထ-က (အမာ) စာစစ်ဌာနမှ သိရသည်။

အမာ(ပြန်/ဆက်)