ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် သံဃာတော်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ခုတင် ၅၀ ဆံ့  ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးပါ ၁၀ ဦးတို့က ရဟန်းသာမဏေ ၈ ပါး၊ ဘုန်းကြီးကျောင်း ဝေယျာဝစ္စအဖွဲ့ ဒါယိကာ၊ ဒါယိကာမများ ၃၂ ဦး၊ စုစုပေါင်း ၄၀ ဦးတို့အား ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ မြို့နယ်သာသနာရေးဦးစီးဌာနမှ သာသနာရေးမှူး ဦးကျော်မင်းထွန်းပါ ၃ ဦးနှင့် ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လိုအပ်သသည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပုဗ္ဗသီရိမြို့နယ်အတွင်း ကျန်ရှိနေသည့် သံဃာတော်များနှင့် သီလရှင်များကိုလည်း အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေးများ ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)