ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ထန်းတပင် ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်နှင့်အနီးအနားရှိ အသက်(၄၀)နှင့်အထက် သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ  စိတ်အေးချမ်းသာယာစွာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်စေရန် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊  ကျန်းမာရေး အသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေး စစ်ဆေးရေးအဖွဲ့မှ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)