တန့်ယန်း ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးလက်ကမ်းစာစောင်ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ ဆံသဆိုင်များ၊ ကားဂိတ်များနှင့် ဗိုလ်ချုပ်လမ်းမကြီးတို့တွင် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် ကာလအပိုင်းအခြား၊ ခံစားခွင့်နှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရမှု စသည့် သိကောင်းစရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)