နတ်မောက်မြို့နယ် ကျေးရွာများတွင် မြေအောက်ရေဖြင့် ထိုင်ဝမ်ပြောင်းဖူးများ စိုက်ပျိုးအောင်မြင်

နတ်မောက် ဖေဖော်ဝါရီ ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ဖူးစားပြောင်းတစ်မျိုးဖြစ်သည့် ထိုင်ဝမ်ပြောင်းဖူးများကို မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိနေကြောင်း သိရသည်။

ထိုင်ဝမ်ဖူးစားပြောင်းမှာ အမျိုးအစားအားဖြင့် နှင်းဆီဖြူ၊ စံပယ်ဖြူ၊ PAN-75 Colour Five ဖြင့် အမျိုးမျိုးရှိသည့်အနက် နှင်းဆီဖြူ ဖူးစားပြောင်းတစ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ နှင်းဆီဖြူ ဖူးစားပြောင်းသည် မိုးရာသီတွင် စိုက်ပျိုးလျှင် ရက်ပေါင်း(၇၅)ရက်ကျော်တွင် ဖူးစားပြောင်းများ ဈေးကွက်သို့ပို့ရပြီး ဆောင်းရာသီနှင့် နွေရာသီတွင် စိုက်ပျိုးပါက ရက်ပေါင်း(၉၀)ခန့်ရှိမှ ဈေးကွက်သို့ တင်ပို့နိုင်ကြောင်း ဆောင်းနှင့် နွေရာသီစိုက်ပျိုးရာတွင် အဝိစိတွင်းမှ မြေအောက်ရေကို ရေစုပ်စက်ဖြင့်စုပ်ယူ၍ (၅)ရက်တစ်ကြိမ်ခန့် ရေပေးသွင်းရကြောင်း တောင်သူကိုဘိုထိန်က ပြောသည်။

ယခုအခါ ထိုင်ဝမ်ဖူးစားပြောင်းများကို ဈေးကွက်သို့တင်ပို့လျက်ရှိပြီး ဖူးစားပြောင်းတစ်ဖူးလျှင် ကျပ်(၃၅ဝိမှ ၄၀ဝိ/)နှုန်းအထိ ရောင်းချနေရကြောင်း ဒေသခံတောင်သူများထံက သိရသည်။

မူမူစန်း