ပင်းတယမြို့နယ်၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းမျိုးဥများ ဈေးကောင်းရရှိ

ပင်းတယ မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပန်းထိန်ငိုပန်းမျိုးဥများ ဈေးကောင်းရရှိနေကြောင်း သိရသည်။

ယခု ပင်းတယမြို့နယ်၌ ပန်းထိန်ငိုပန်းမျိုးဥ အဖြူရောင်တစ်ပိဿာကို (၃၅၀၀) ကျပ်၊အပန်းရောင် တစ်ပိဿာကို (၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချနေရပြီး၊ နယ်အရောက် ကားဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးကြောင်း၊ အဆိုပါပန်းကို ပန်းထိန်မနိုင်(ပန်းထိန်ငို) ပန်းဟု ခေါ်ဆိုရခြင်းမှာ ဤပန်းသည် အလွန်ရိုးရှင်းလှပပြီး အခက်အနွယ်များဖြင့် ပေါင်းစပ်ထားသဖြင့် အဆိုပါပန်းပုံစံအား ပန်းထိန်ဆရာကပင် ထုဆစ်၍ မရလောက်အောင် အခက်အလက်များမှာ သဘာဝအလျောက်ဖြစ်ပေါ်နေသည့်အတွက် ပန်းထိန်ဆရာကပင် ငိုရလောက်သည်အထိ ခက်ခဲရသောကြောင့် ဤပန်းကို ပန်းထိန်မနိုင် (ပန်းထိန်ငို) ဟူ၍ ခေါ်ဆိုရခြင်းဖြစ်ကြောင်း ပန်းစိုက်သည့် တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)