အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  လာရောက်ဖြေဆိုသည့်  ကျောင်းသား/ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက်  စလင်းမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့  စုမှူးရုံးမှ  တပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
Mar 15,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို တတိယကြိမ်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ၁၃ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 15,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းအစီအစဥ်ကို နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ငွေပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Mar 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ အလပ်လယ်ကျေးရွာအုပ်စု၊ အလပ်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀) နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံအရာရှိများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ 
Mar 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ် ၁၂၄ ကျောက်မဲခရိုင်ယာဥ်ထိန်းတပ်ဖွဲ့စု၊ နောင်ချိုမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စိပ် တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများ ပိုမိုကြွယ်ဝလာစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 15,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ (၁၃)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီနာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။