အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ် ချက်ဖြင့် ​မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ရပ်ကွက် ၃၊ ထန်းရင်းရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီခွဲက အလုံမြို့နယ် အင်ဒိုနီးရှားကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအခြေပြု DT ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ မတ်လ ၁ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း(Woman Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့်”စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
Mar 02,2024
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကကြီးမှူး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ပြုလုပ်ရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
Mar 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ(၂၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများ ကကွင်းဆင်း စစ်ဆေးသည်။
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဆိုလာရေတင်စနစ်ဖြင့် မြေအောက်ရေ ရယူအသုံးပြုစိုက်ပျိုးနိုင်စေရန်အတွက် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ ဆိုလာရေတင်စနစ်ဖြင့် ရေထုတ်ယူအသုံးပြုနေမှု အခြေအနေများကို မတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 02,2024
ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။