Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ စေတီဖြူ−ရွာသစ်−နောင်ခမ်းကျေးရွာချင်းဆက် ကျောက်ချောလမ်းမှကတ္တရာလမ်း တိုးမြှင့်ခင်းခြင်းစတင်ဆောင်ရွက်
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု ၊ စေတီဖြူ− ရွာသစ်−နောင်ခမ်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းတိုးမြှင့်ခင်းခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 12,2023
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၂) ဖြင့် ရပ်ကွက် / ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်ကျေးရွာတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်း၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ဆောင်ရွက်
Sep 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတရစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လည်(၂:၀၀)နာရီအချိန်တွင် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ကြိုဆို
Sep 12,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ရသေ့တောင်မြို့နယ် ကိုယ်စားပြု ဆုရရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်တန် ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိမိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Sep 12,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံ တည်ထားကိုးကွယ်နိုင်ရန်အတွက် အလှူတော်ငွေများ…
Sep 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စုရှိ "လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်" ပြန်လည်ပြုပြင်မွမ်းမံတည်ထားကိုး ကွယ်နိုင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲကျင်းပ
Sep 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းအခြေပြုသာ အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး မြို့နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9509
Page
9510
Page
9511
Page
9512
Current page
9513
Page
9514
Page
9515
Page
9516
Page
9517
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department