နောင်ချို မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ် ၁၂၄ ကျောက်မဲခရိုင်ယာဥ်ထိန်းတပ်ဖွဲ့စု၊ နောင်ချိုမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စိပ် တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် ၁၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် နောင်ချိုမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စိပ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြိုကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာဆိုင်ကယ်များ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပွားစေရေး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ယာဉ်ထိန်းရဲအုပ် ဟန်ထွန်းနိုင်ထံမှ သိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နောင်ချိုမြို့နယ် အ.ထ.က(၁)တွင် မတ်လ (၁၁)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး ယနေ့တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)