အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2024
မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတတ်သော ပြည်နယ်တစ်ခုဖြစ်ရာ မွန်လူမျိုးတို့၏  အထွက်အမြတ်ထား ဝတ်ဆင်ကြသည့် ရိုးရာဝတ်စုံကို  ရာသီမရွေး လူမျိုးမရွေး  ဝတ်ဆင်နိုင်သဖြင့် ယခုအခါ နိုင်ငံအတွင်း ပြည်သူများ ဝယ်ယူဝတ်ဆင် လူကြိုက်များလာကာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချလျက်ရှိသည်။
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ် သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူ မြို့နယ် ပြည်လုံးကျော်ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Mar 03,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဝမ်နားဟွေ့ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Mar 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအား Biometiic Data များ ကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများ ကောက်ယူခြင်းကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ပြုလုပ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။  
Mar 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို မတ်လ(၁)ရက်နေ့ နေ့လည် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Mar 03,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လားရှိုး စည်ပင်သာယာရေး ဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေးသီးနှံဆန်ပါးစိုက်ပျိုးရန် လျာထား(၁၃၀၀)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ဒေသခံတောင်သူ များအနေဖြင့် လျာထားဧက ပြည့်မီကျော်လွန်နိုင်ရန် စိုက်ပျိုးနေပြီဖြစ်ကြောင်း ရမှတ်ကျေးရွာ တောင်သူ ဦးဆန်းမင်းထံမှ သိရ သည်။
Mar 03,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။