အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများက ယမန်နေ့တွင် လိုက်လံစစ်ဆေးခြင်း၊ သတိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံးမှ မြေငှားဂရန်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် ယမန်နေ့က မိုင်းဟန်ဆရာတော်အား နိုင်ငံတော်မှဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အလှူခံကြွရောက်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓရသဝံသောထံမှ ဩဝါဒခံယူခဲ့ကြောင်း သိရသည်။
Mar 04,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ ခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂:၃၀)နာရီက သာသနာ့ဗိမာန်တော်ကြီး၌ ဆောင်ရွက်ခဲ့ပါသည်။
Mar 04,2024
မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား စာမေးပွဲလုပ်ငန်း တာဝန်ဆိုင်ရာများ မှာကြားဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းပညာရေးမှူးရုံးမှ အရာထမ်းများ၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် ကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို မတ်လ (၁) ရက်နေ့နံနက် ၁၀ နာရီအချိန်ကစ၍ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၁)၊ အမှတ်(၁၃)ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Mar 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေး သမဝါယမအသင်းသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 03,2024
၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက်ယှဉ် ပြိုင်နိုင်ရေး လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။