မိုင်းယောင်း မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းရုံးမှ မြေငှားဂရန်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ မြို့နယ်စစ်မှုထမ်းဟောင်းမြေနေရာများအား ခိုင်မာသည့် အထောက်အထားဖြစ်သော မြေငှားဂရန်ရရှိရေး၊ ပိုင်ဆိုင်မှုဧရိယာ သတ်သတ်မှတ်မှတ်ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ” လက်ကမ်းစာစောင်အား ဖြန့်ဝေခြင်း၊ မြေငှားဂရန် လျှောက်ထားသည့်နေရာများအား ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် အမှတ်(၄)ရပ်ကွက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုပေါင်းရုံးမြေနေရာအား မြေလွှဲလျှောက်ထားမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း