အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပေးအပ်ခဲ့သည်။
Mar 03,2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ဗိဿနိုးရှေးဟောင်းသုနေသနပြတိုက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် မြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက (၃၇)ရပ်ကွက်၊  ပင်လုံလမ်းရှိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကို မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 03,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 03,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၉)ရပ်ကွက်၊ ပဏ္ဍိတာရာမ စာသင်တိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေလာသ အရှင်မြတ်အား နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းခြင်း ဂုဏပူဇာမင်္ဂလာအခမ်းအနားအား ပဏ္ဍိတာရာမ ကျောင်းတိုက်အတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 03,2024
ယင်းမာပင်ခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်​သော နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ သာယာ​အေးခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်​ရောက်ကြကြောင်း သိရသည်။
Mar 03,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဆွမ်ပရာဘွမ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှငြိမ်းနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက် ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ပြိုင်ပွဲဝင်ရောက်ဖြေဆိုရန်အတွက် သုတစုံလင်ဗုဒ္ဓဝင် ဓမ္မကျောင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့​သည်။