အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
Sep 13,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးဆိုင်များအား မှတ်ပုံတင်ထားရှိမှု ရှိ/မရှိ နှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ လိုက်လန်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Sep 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား မြို့နယ်အဆင့်သား အိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာအုပ်စု ကွင်းအမှတ်(၃၂၇)တွင် စိုက်ပျိုးထားသည့် မျိုးစေ့ထုတ် မှော်ဘီ-၂ စပါးခင်းများတွင် ဖြုတ်ပိုးကျရောက်မှုကို ယမန်နေ့ည ၇ နာရီက (IPM နည်းပညာ) ဘက်စုံသီးနှံဖျက်ပိုး ကာကွယ်ရေးနည်းပညာဖြင့် မီးရောင်ထောင်ချောက်အသုံးပြု၍ ကာကွယ်နှိမ်နင်းသည့်လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
Sep 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံဆောင်ရွက်ပေးကြကြောင်း သိရသည်။