Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခတ်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Mar 03,2024
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၂)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Mar 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂)ဦးအား ယနေ့ နံနက်ပိုင်းက ဘိုးဘွားများ လက်ဝယ် အရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန္တိသုခကျောင်းတိုက် (၁၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Mar 03,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သန္တိသုခကျောင်းတိုက် (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် မြန်မာရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က အောင်ဇေယျရပ်ကွက်ရှိ သန္တိသုခကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Mar 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက် ( ၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်
Mar 03,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား မင်းလှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် MSMEs ကဏ္ဍများ ဆောင်ရွက်မည် ဒေသခံပြည်သူများထံသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 03,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား (၂၀၂၃ - ၂၀၂၄) ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ) အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
Mar 03,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို မတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက ညောင်ကိုင်း ကျေးရွာ အုပ်စု၊ ညောင်ကိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9495
Page
9496
Page
9497
Page
9498
Current page
9499
Page
9500
Page
9501
Page
9502
Page
9503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department