အမြို့မြို့အနယ်နယ်သတင်းများ

Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနသည် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပုံမှန်ပညာရေး မသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် ဆင်းရဲနွမ်းပါးသူများ၊ အမိမဲ့၊ အဖမဲ့များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် ကျောင်းပြင်ပပညာရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထူးချွန်ကျောင်းသား/သူများအား အသက်မွေးဝမ်းကြောင်း ပညာသင်စားရိတ် ထောက်ပံ့ငွေပေး အပ်ပွဲကို မတ် ၅ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အထောက်အကူပြုစေရန်နှင့် လူငယ်များ သမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခန္တီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနက မော်တော် ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့က ယနေ့မတ်လ ၄ ရက်နေ့၊ညနေ ၃ နာရီအချိန်က ထောက်ပံ့ငွေနှင့်အာဟာရများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကိုယနေ့နံနက် (၀၈:၀၀) နာရီအချိန်ကစတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
Mar 05,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီတွင် မုန်လာထုပ်စိုက်ခင်းများအထွက် နှုန်းကောင်းမွန်ခြင်းနှင့် မုန်လာထုပ်များ ဈေးကောင်းရရှိသဖြင့် မုန်လာထုပ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကြောင်း သိရသည်။
Mar 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန်နှင့် ထူးချွန်ထက်မြက်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပုရွက်ဆိတ်ကုန်းကျေးရွာ အမှတ်(၂၇) အခြေခံပညာမူလတန်းတန်းကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Mar 05,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။