ချမ်းအေးသာစံ မတ်လ ၅
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၀×၆၀ လမ်းထောင့်ရှိ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၊ ပညာမြင့်မိုရ်ခန်းမတွင် အခြေခံပညာမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများစွမ်းရည်မြင့်မားရေး (တိုင်းအဆင့်နည်းပြသင်တန်း) ဆင်းပွဲအခမ်းအနားကို မတ်လ ၄ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်ဆွေဦး၊ ခရိုင်ပညာရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ၊ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းက သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းနေရာနှင့်တည်းခိုနေထိုင်ရေး ဆောင်ရွက်ပေးခဲ့ကြသည့် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာညိုညိုတင်နှင့် အမှတ် ၄ မူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ကြီး ဦးချစ်သန်းတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းအား ၁-၃-၂၀၂၄ မှ ၅-၃-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး နည်းပြ ၂၈ ဦးမှ သင်တန်းသား၊ သင်တန်းသူ ၃၀၇ ဦးအား စနစ်သစ်ပညာရေး သင်ရိုးဝင်ဘာသာရပ်များ၏ သင်ကြားရေးဆိုင်ရာနည်းစနစ်များအား စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်