အမြို့မြို့အနယ်နယ်သတင်းများ

Mar 07,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓနိဖက်များကို ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်း၊ ကင်း ချောင်း၊ ဝဲကလိ၊ ကမာအုပ် ကျေးရွာများမှ အများဆုံးထွက်ရှိပြီး ယခုအချိန်တွင် ဓနိဖက်များ အရောင်းသွက်လာကြောင်း သိရသည်။
Mar 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်မတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄၄)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
Mar 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးနှင့် သံတံတားရပ်ကွက်တို့တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းကို မတ်လ(၅)ရက်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် မှာကြားချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ဒေသအတွင်း ဆီဖူလုံမှုရရှိစေရေးအတွက် ဆည်ကြီးကုန်း ဆည်ရေဖြင့် တတိယသီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများရှိ တောင်သူများအား ထပ်မံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
Mar 06,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဝေါ)စာစစ်ဌာနတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၁) ရက်နေ့မှ (၁၉)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကျောက်တံခါး) ကျောင်းဝင်းအတွင်း  စာစစ်ဌာန(၃)ခု၌ ကျောင်းသား/ကျောင်းသူ(၇၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 06,2024
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၅)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်လွဲ(၁)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား‌၊ ကျောင်းသူ (၁၄၂၆)ဦးတို့အား အေးချမ်းစွာစာ‌မေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိ စေရေးအတွက် ယနေ့ နံနက် (၁၀)နာရီက ဟင်္သာတမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနနှင့် မြို့ပေါ်ရှိစာစစ်ဌာန ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်း ကျောင်းများသို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့သည်။