အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2024
၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၅၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 06,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ မြို့မအားကစားဘောလုံးကွင်းတွင် အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
Mar 06,2024
ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု၊ ပြတိုက်ကွက်သစ်ရပ် ရှေးဟောင်းသုတေသနပြတိုက် အင်းဝ-ပန်းယျဌာနစိတ်တွင် ယနေ့နံနက် (၁၀)နာရီက လက်တွေမီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရွှေသောင်ယံမြို့ အ-ထ-က ရွှေသောင်ယံစာစစ်ဌာနတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့် အခွင့်အလမ်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်တို့အတွက် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။