အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း၊ အခြေခံပညာ ဦးစီးဌာနရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံပေးလျက်ရှိရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလိုက်လံကြည့်ရှုအားပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အ.မ.က(၉ )ကျောင်းခန်းမ သို့သွားရောက်ကြည့်ရှုအားပေးကြကြောင်းသိရသည်။  
Sep 18,2023
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကြည်ထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအံ့ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
Sep 18,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ မူလွန်- မုန်ဒိန် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးမင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယနေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးသည်။
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်မိုးမိုးအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဟင်္သာတခရိုင် တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတအကျဥ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဥ်းထောင် တာဝန်ခံ အရာရှိက အကျဥ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။