Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 20,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကျင်းပ
Mar 20,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမ၌ ကျင်းပခဲ့ရာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်နှင့် တာဝန်ရှိသူများ၊ နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူးဦးအေးစိုးဌေး၊ ဗဟိုသင်တန်းနည်းပြ ဦးမင်းမင်းနှင့် သင်တန်းနည်းပြများ၊ နတ်တလင်းခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းဆင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများအား Biometric Data ကောက်ယူခြင်းလုပ်ငန်းများ…
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ ၁၀ ရက်နေ့ (တပေါင်းလဆန်း (၁)ရက်နေ့)မှ စတင်ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျက် ရှိပြီး ဘုရားဖူးမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် Biometric Data ကောက်ယူ ခြင်းလုပ်ငန်းအား ငပုတောမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကောက်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့
Mar 20,2024
သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် သောက်သုံးရေများကို တောတောင်များမှ ထွက်ရှိသည့် စိမ့်စမ်းရေကို အဓိကသွယ်ယူသုံးစွဲကြရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ရှိ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသည့်မြေသားလမ်း မြေသားဘောင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများ ရာနှ…
Mar 20,2024
ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုနှင့် မိကြောင် ကျေးရွာအုပ်စု ဆက်သွယ်ထားသည့် မြေသားလမ်းအား မြေသားဘောင်ချဲ့နှင့်မြေနီခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကာတွန်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 20,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ပန်းချီပညာကို လေ့လာတတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ကာ ကာတွန့်ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၈) နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 20,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9434
Page
9435
Page
9436
Page
9437
Current page
9438
Page
9439
Page
9440
Page
9441
Page
9442
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department