စမ်းချောင်းမြို့နယ်၌ ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်
စမ်းချောင်း မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးနှင့် သံတံတားရပ်ကွက်တို့တွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းကို မတ်လ(၅)ရက်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်း မြို့နယ်အတွင်းရှိ ရက်ကွက်များမှ ကျား (၇၆)ဦး၊ မ (၁၁၇) ဦး စုစုပေါင်း (၁၉၃) ဦး ကောက်ယူခဲ့ပြီး ယနေ့အထိ ပြည်သူ (၁၄၁၈၇) ဦး၏ (Biographic Data) များကို ကောက်ယူပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား အလုံခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့၀င် ခရိုင်လ၀ကဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဘ၀င်းတို့က ကြီးကြပ်၍ မြို့နယ် လ၀က ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ပါ၀င်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)