ပန်းတောင်း မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်မတ်လ (၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၄၄)ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို စာစစ်ဌာန(၆)ခု ဖြစ်သည့် အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဆင်တဲ)၊ အ.ထ.က (ရှားဖြူကွင်း)၊ အ.ထ.က (ဂုံညှင်းတန်း)၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က (ထုံးဘို) စာစစ်ဌာနတို့တွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် အပြင်ဖြေ ကျောင်းသား/ကျောင်းသူ (၅၄၄)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုမည့် စာစစ်ဌာနကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လပြည့်လင်း(ပြန်/ဆက်)