ရွှေတောင် မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် မှာကြားချက်များနှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ဒေသအတွင်း ဆီဖူလုံမှုရရှိစေရေးအတွက် ဆည်ကြီးကုန်း ဆည်ရေဖြင့် တတိယသီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများရှိ တောင်သူများအား ထပ်မံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က တောင်သူများအား စည်းရုံး၍ ကွင်းအမှတ် (၄၈၂ ၊၄၈၉) ကွင်းများတွင် ရေပေးမြောင်းများ ပြန်လည်တူးဖော် ဆောင်ရွက်ပေးခြင်း၊နွေနှမ်းမျိုးဖြစ်သည့် မကွေးနှမ်းနက်(၁/၂၀၂၄) မျိုးများ မှာယူဖြန့်ဖြူးပေးခြင်း၊ လိုအပ်သည့် သွင်းအားစုများ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မတ်လ ၄ ရက်နေ့မှစ၍ ဆည်ကြီးကုန်းဆည်မှ ဆည်ရေ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ဆက်)