အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2024
ရွှေဘိုတက္ကသိုလ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်၌ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2024
ပြည်သူများ အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကာ ယမန်နေ့‌ နေ့လယ် (၁) နာရီက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ အသိပညာပေး ဟောပြောပွဲကို မြဝတီရပ်ကွက်ရှိ မဏိရတနာရာမ ကျောင်းတိုက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၇၀၀)ကျော်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ဧရာမင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖောင်းကန်ရပ်ကွက်တွင် အသေးစားအိမ်တွင်းမှုလုပ်ငန်းဖြစ်သည့်‌ မြေအိုးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ဖောင်းကန်ရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းရှိန်နှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
Mar 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း၌ လမ်းသွားလမ်းလာပြည်သူများနှင့် ဌာနဆိုင်ရာများထံသို့ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Mar 20,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများကို မြေပြင်တွင် လက်တွေ့ဖြန့်ဝေ ဆောင်ရွက်ပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2024
၂၀၂၄ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ ညနေက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြသည်။