ရွှေသောင်ယံ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း၌ လမ်းသွားလမ်းလာပြည်သူများနှင့် ဌာနဆိုင်ရာများထံသို့ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ နိုင်ငံတော်အကြီးအကဲ၏ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် စသည်တို့အပြင် "ဆက်၍ချီပါ တပ်မတော်" ခေါင်းစဉ်ဖြင့် ကဗျာ၊ ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားသည်။
ရွှေသောင်ယံ(ပြန်/ဆက်)