ကျုံပျော် မတ် ၂၀
၂၀၂၄ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ ညနေက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ မတ်လ (၂၇)ရက်နေ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ မျိုးမြတ်မြတ်မြင့်မောင် ရေးသားထား သော ဆက်၍ချီပါတပ်မတော် ကဗျာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ် များ၊ အမျိုးသား အကျိုးစီးပွားအတွက် ထမ်းဆောင် စသည့်အကြောင်းအရာများ ထည့်သွင်းဖော်ပြထားသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)