ကန်ကြီးထောင့် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူး-အနောက်စုကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား အား ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ဝါးဒူး-အနောက်စု ကွန်ကရစ် လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ကွန်ကရစ်လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ပစ္စည်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများထံသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများအား ရိုက်ကူး ခဲ့ကြသည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည် တော်များက ဖွင့်လှစ်ပြီးသော ဝါးဒူး- အနောက်စု ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အဆိုပါ ကွန်ကရစ်လမ်းသည် အလျား(၀/၃)မိုင်၊ အနံ (၁၂)ပေနှင့် (၇)လက်မထုရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Emerald Delta ကုမ္ပဏီက တင်ဒါအောင်မြင်ကာရန်ပုံငွေ (၁၄၄.၇၅၀)သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စုရှိ ကျေးရွာ (၁၁)ရွာ၊ အိမ်ခြေ(၅၆၄)အိမ်၊ လူဦး ရေ (၂၅၀၆)ဦးအား အကျိုးပြုသောလမ်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)