မှော်ဘီ မတ် ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာသို့ မတ်လ(၉)ရက်နေ့က သွားရောက်ကာ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှု့စစ်ဆေးရာတွင်လည်း အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများသည် ဦးစွာထိန်စွန်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြား၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထိန်းစွန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဂျိုးဖြူဂုံးကျော်တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာတွင်းလမ်းများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ပေးလျှက်ရှိသော ရာသီနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဇော်၊မှော်ဘီ(ပြန်/ဆက်)