၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရေတာရှည်မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေး

ရေတာရှည် မတ်လ ၁၀

၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိစေရေး၊ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုကာလအတွင်း လုံခြုံမှုရှိစေရေး၊ ကျောင်းတွင်း ကျောင်းပြင်ပလုံခြုံမှုရှိစေရန်နှင့် စာမေးပွဲအား ကျောင်းစည်းမျဥ်း စည်းကမ်းများနှင့်အညီ စနစ်တကျဖြေဆိုကြရန် ကျောင်းတာဝန်ခံများနှင့်တွေ့ဆုံ၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး စာမေးပွဲဖြေချိန်အတွင်း ကြီးကြပ်မည့်ကြီးကြပ်ရေးမှူးများအတွက် ထောက်ပံ့​​​​ငွေပေးအပ်ခဲ့သည်။

ယခုနှစ်တွင် ရေတာရှည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၉၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ရေတာရှည်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် ရေတာရှည်၊ ရွှေကြက်ယက်၊ ဆွာ၊ သာဂရ၊ မြို့လှနှင့် ရေနီစာစစ်ဌာန (၆) ခုဖြင့် စီစဥ်ကျင်းပဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)