အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း ရေစကြိုတွင် မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ကျောင်းသူ(၄၉၃)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်(၁၁)ရက်နေ့မှ စတင်၍ မတ်(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့တွင် ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၆၄၀)ဦးတို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် အေးချမ်းစွာဖြင့် အသီးသီး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စာစစ်ဌာနဖြစ်သော အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၃၀၄ ) ဦးတို့က အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၁၁) ရက်နေ့မှ စတင်ကျင်းပဖြေဆိုနေပြီဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေကြပြီဖြစ်ကြောင်း သိရသည်။
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြရာ မြို့နယ်အတွင်း ဖြေဆိုရန်စားရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူအားလုံး၏ ၉၀ ဒဿမ ၁၅ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) နှင့် အမှတ် (၄) စာစစ်ဌာနတို့တွင် ယနေ့နံနက် (၉) နာရီ၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
Mar 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။