ကျောက်တံခါး မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြရာ မြို့နယ်အတွင်း ဖြေဆိုရန်စားရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူအားလုံး၏ ၉၀ ဒဿမ ၁၅ ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲကို ကျောက်တံခါမြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်း (ကျောက်တံခါး) ကျောင်းအတွင်း၌ အ.ထ.က(ကျောက်တံခါး) စာစစ်ဌာန၊ အ.ထ.က (ပဲနွယ်ကုန်း) စာစစ်ဌာနှင့် အ.ထ.က (နတ်သံကွင်း) စာစစ်ဌာန (၃) ခုနှင့် အ.ထ.က (ဖဒို) စာစစ်ဌာန (၁)ခု စုစုပေါင်းစာစစ်ဌာန (၄) ခုဖြင့် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၇၈၂) ဦးရှိသည့်အနက် ယနေ့ မြန်မာစာဘာသာကို ဖြေဆိုခဲ့ရာ ကျောင်းသား(၂၇၈)ဦးနှင့် ကျောင်းသူ (၄၂၇)ဦး စုစုပေါင်း(၇၀၅)ဦးအထိ လာရောက်ဖြေဆိုခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)