ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်(၁၁)ရက်နေ့မှ စတင်၍ မတ်(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့တွင် ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၆၄၀)ဦးတို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် အေးချမ်းစွာဖြင့် အသီးသီး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ်၌ စာစစ်ဌာန (၃)ခုဖြစ်ရာ အ.ထ.က(၁)၊ အ.ထ.က(၆)နှင့် အ.လ.က(၁၃) ကျောင်းတို့ဖြစ်ပြီး ဘာသာတွဲ(၃)ခုတို့တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ (၆၈၄)ဦးရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၆၄၀)ဦး ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် (၉၃.၅၇)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်ခရိုင် ပညာရေးမှူး ဒေါက်တာ သင်းမာလာ၊ အင်းစိန် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဝင်းနွယ်၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း၊ အဖွဲ့များက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)