အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ.ထ.က (သနပ်ပင်) စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းကဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ စည်ကမ်းချက်များနှင့်အညီ စနစ်တကျ ဝင်ရောက်ဖြေလျက်ရှိသည်။
Mar 11,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
Mar 11,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်သည်။
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့တွင် မြန်မာစာဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၂၅၂ )ဦး ဝင်ရောက်ဖြေဆိုနေကြောင်း သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၇၄၀) ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 11,2024
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် ဦးစီး၍ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့်တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်းမရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့အဝင်ဂိတ်တွင် စစ်ဆေးခဲ့ကြသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၅၀၂) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူ (၁၃၈)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။