လှိုင်သာယာ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) နှင့် အမှတ် (၄) စာစစ်ဌာနတို့တွင် ယနေ့နံနက် (၉) နာရီ၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြနိမာစာဘာသာရပ်ကို အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအမှတ် (၁) တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၉၁) ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၈၈) ဦး ပျက်ကွက် (၃) ဦးရှိပြီး အမှတ် (၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၄) တွင် စာရင်းရှိ (၂၉၆) ဦး၊ ဖြေဆိုသူ (၂၇၆) ဦးနှင့် ပျက်ကွက်ဦးရေ (၂၀) ဦးရှိသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)