သုံးခွ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စာစစ်ဌာနဖြစ်သော အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၃၀၄ ) ဦးတို့က အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အ.ထ.က (၁) ကျောင်း စာစစ်ဌာနတွင် စာရင်းရှိ အတွင်းဖြေ ကျား (၁၄၁) ဦး၊ မ (၁၆၁) ဦး၊ အပြင်ဖြေ ကျား (၄) ဦး မ (၇) ဦးရှိရာ အတွင်းဖြေဆိုသူ ကျား (၁၃၆) ဦး၊ အပြင်ဖြေ (၃) ဦး၊ မ အတွင်းဖြေဆိုသူ (၁၅၉)၊ အပြင်ဖြေဆိုသူ (၆) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၄) ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၇.၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)