ရေစကြိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဘာသာရပ်အား အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိ

ရေစကြို မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း ရေစကြိုတွင် မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိသည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ရေစကြိုမြို့ နယ်အနေဖြင့် စာစစ်ဌာန (၁) နေရာတွင် ဖြေဆိုကြမည့် ကျောင်းသားဦးရေ စုစုပေါင်း (၂၁၂) ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ‌ အထက-ရေစကြိုတွင် (၁၉၁) ဦးဖြေဆိုလျက်ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူပေါင်း (၂၁)ဦးရှိပါကြောင်း မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရာခိုင်နှုန်း (၉၀.၀၉) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မောင်လုလင် (ရေစကြို)