အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းတည့် ၁၂ နာရီချိန်က Royal-D အချိုရည်ဘူးများဝေငှပေးခဲ့ကြောင်း သိရသည်။
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်တွင်းရှိ စာစစ်ဌာန-၂ နေရာတို့၌ ကျောင်းသားကျောင်းသူများ အသီးသီးဖြေဆိုခဲ့ကြသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၉၄) ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
Mar 11,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဘာသာရပ်အား စာစစ်ဌာန ၁၀ ခုတွင်  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ သူများအနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ယနေ့နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) စာစစ်ဌာနတွင် စာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ကျောင်းသား၊ သူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးထောက်ပံ့ငွေများကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်(၈) ရပ်ကွက်ရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၉၃) ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
Mar 11,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို  ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို  မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်  ၁၁  နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။