လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

လောင်းလုံး မတ်  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အခမ်းအနားသို့ တက်‌ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအချက်အလက်များကို ဆွေးနွေးပြောကြား​ကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာအကြောင်းအရာများအား Video Clips Show  ပြသရှင်းလင်းခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများအား တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူအများစု စိုးရိမ်နေမှုများကို စိုးရိမ်ပူပန်ခြင်း မရှိစေရေးတို့အား ရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်သိန်းသိန်းမှ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ social media မှ ဝါဒဖြန့်မဟုတ်မမှန်သတင်းတု၊ သတင်းအမှားများနှင့် ပတ်သက်၍ ပြည်သူများသတင်းအမှန် ဖတ်ရှုနိုင်စေရန် မိမိတို့ဌာနမှဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများပါ အသိပညာပေး သတင်းလက်ကမ်းစာစောင်များနှင့် အိမ်ပြန်အတွက် ဖိတ်ခေါ်သံ၊ စစ်မှုထမ်း ဥပဒေစာအုပ်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)