အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီခွဲက မြို့မစျေးနှင့် ရပ်ကွက်နေပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Mar 11,2024
၂၀၂၄ ခုနှစ်၊  တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်းဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စာစစ်ဌာန (၃)ခုတွင် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ များနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀ နာရီက  ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ၌ ကျင်းပသည်။
Mar 11,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီက အေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုနေကြကြောင်း သိရသည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ ကျောင်းသူ (၄၆၅) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှ စတင်၍ အ.ထ.က ကျောက်တလုံးကြီးစာစစ်ဌာနတွင် စတင်ဖြေဆိုကြောင်း သိရသည်။
Mar 11,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့စတင်ကျင်းပရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၏ စာစစ်ဌာနဖြစ်သော အ.ထ.က (၁) သန်လျင်တွင် စတင်ဖြေဆိုခဲ့သည်။
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က စည်သာကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။