ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ပထမ) နေ့ ဖြေဆိုပြီးစီး

ချောင်းဆုံ မတ် ၁၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ သူများအနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ယနေ့နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) စာစစ်ဌာနတွင် စာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ကျောင်းသား၊ သူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊သူ (၄၅၆) ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၄၄၇) ဦး၊ ပျက်ကွက်သူ (၉) ဦး ဖြေဆိုသည့်ရာခိုင်းနှုန်း (၉၈.၀၃%) ရှိခဲ့ပြီး စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ကာ အမောပြေအချိုရည်အအေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)