မင်းလှ မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့မွန်းတည့် ၁၂ နာရီချိန်က Royal-D အချိုရည်ဘူးများဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လှူဒါန်းသည့် Royal-D အချိုရည်ဘူးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်အောင်၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးဝင်းပိုင်နှင့် ဌာနဆိုင်ရာများက အ.ထ.က(မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း) စာစစ်ဌာနတို့တွင် မြန်မာစာဘာသာရပ်ဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဝေငှပေးခဲ့ကြောင်း သိရသည်။
ပေါက်စ