လယ်ဝေး မတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဘာသာရပ်အား စာစစ်ဌာန ၁၀ ခုတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.ထ.က( သပြေပင်)၊ အ.ထ.က(သာဝတ္ထိ)၊ အ.ထ.က (ကန်သာ)၊ အ.ထ.က(ကန်လှ)၊ အ.ထ.က(ဝက္ကမူ)၊ အ.ထ.က(အေလာ)၊ အ.ထ.က(သစ်ပုတ်ပင်)၊ အ.ထ.က(သဲကောကြီး)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ထားရှိပြီး ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၂၀၁၁ ဦးရှိကြောင်း သိရသည်။ ယနေ့လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၆၀ ဦးရှိပြီး ၅၁ ဦးပျက်ကွက်သဖြင့် တစ်မြို့နယ်လုံးဖြေဆိုသူမှာ ၉၇.၄၆ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)