ပုသိမ်ကြီး မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်တွင်းရှိ စာစစ်ဌာန-၂ နေရာတို့၌ ကျောင်းသားကျောင်းသူများ အသီးသီးဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာ ဖြေဆိုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုနှစ် စာမေးပွဲဖြေဆိုရာတွင် အ.ထ.က ပုသိမ်ကြီးတွင် စာရင်းရှိကျောင်းသား (၉၄)ဦး၊ ကျောင်းသူ (၁၆၅)ဦး၊ စုစုပေါင်း (၂၅၉)ဦး ရှိပြီး၊ လာရောက်ဖြေဆိုသူကျောင်းသား (၈၈)ဦး၊ ကျောင်းသူ (၁၅၅)ဦး၊ စုစုပေါင်း (၂၄၃)ဦး၊ ပျက်ကွက် (၁၆)ဦး၊ အ.ထ.က အုန်းချောတွင် စာရင်းရှိကျောင်းသား (၆၆)ဦး၊ ကျောင်းသူ (၉၄)ဦး၊ စုစုပေါင်း (၁၆၀)ဦး ရှိပြီး၊ လာရောက်ဖြေဆိုကျောင်းသား (၆၃)ဦး၊ ကျောင်းသူ (၉၂)ဦး၊ ပျက်ကွက် (၅)ဦး၊ စုစုပေါင်း(၁၅၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ မြို့နယ်အတွင်းဖြေဆိုသူပေါင်း (၃၉၈)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၉၉)ရှိကာ၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)